အမြတ်ဆုံး/ဖြစ်သော ချစ်ခြင်းမေတ္တာ
13
ကျွန်ုပ်/သည် လူ/ဘာသာစကားများ/နှင့် ကောင်းကင်တမန်/ဘာသာစကားများ/ကို ပြောနိုင်/သော်လည်း မေတ္တာ/မရှိ/လျှင် ဆူညံသော/မောင်း သို့မဟုတ် မြည်ဟည်းနေသော/လင်းကွင်း/ကဲ့သို့/သာ ဖြစ်၏။ 2 ကျွန်ုပ်/သည် ပရောဖက်ပြု/ဟောပြော/နိုင်စွမ်း/ရှိသည်/ဖြစ်စေ၊ လျှို့ဝှက်/နက်နဲသော/အရာ/ရှိသမျှ/နှင့် အသိပညာ/ရှိသမျှ/ကို နားလည်သည်/ဖြစ်စေ၊ တောင်များ/ကို ရွှေ့နိုင်သော/ယုံကြည်ခြင်း/ရှိသည်/ဖြစ်စေ မေတ္တာ/မရှိ/လျှင် အချည်းနှီး/ဖြစ်၏။ 3 ကျွန်ုပ်/သည် ကိုယ်/ပိုင်ဆိုင်သော/ဥစ္စာပစ္စည်း/ရှိသမျှ/ကို ဆင်းရဲသားတို့/အား လှူဒါန်းသည်/သာမက ကျွန်ုပ်/၏ ကိုယ်ခန္ဓာ/ကို မီးရှို့/စေရန် ပုံအပ်/သော်လည်း မေတ္တာ/မရှိ/လျှင် ကျွန်ုပ်/အတွက် မည်သည့်/အကျိုး/မျှ မရှိပေ။
4 မေတ္တာ/သည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာ/သည် မနာလို/မဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာန/မထားတတ်။ 5 မရိုင်းစိုင်းတတ်။ ကိုယ်ကျိုး/ကို မရှာတတ်။ ဒေါသ/မထွက်တတ်။ သူတစ်ပါး/၏ အပြစ်/ကို မှတ်မထားတတ်။ 6 မတရားသော/အမှု/အတွက် မဝမ်းမြောက်တတ်။ သို့သော် တရားသော/အမှု/အတွက် ဝမ်းမြောက်တတ်၏။ 7 မေတ္တာ/သည် အစဉ်အမြဲ/ကြံ့ကြံ့ခံတတ်၏။ အစဉ်အမြဲ/ယုံကြည်တတ်၏။ အစဉ်အမြဲ မျှော်လင့်တတ်၏။ အစဉ်အမြဲ/သည်းခံတတ်၏။
8 မေတ္တာ/သည် ခန်းခြောက်သွားခြင်း/မရှိ။ ပရောဖက်ပြု/ဟောပြောခြင်း/မှာမူ ပပျောက်သွား/လိမ့်မည်။ အခြား/ဘာသာစကား/ကို ပြောခြင်း/သည်လည်း ရပ်တန့်သွား/လိမ့်မည်။ အသိပညာ/သည်လည်း ကွယ်ပျောက်သွား/လိမ့်မည်။ 9 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့/သည် တစ်စိတ်တစ်ပိုင်း/ကိုမျှ/သာ သိကြပြီး တစ်စိတ်တစ်ပိုင်း/ကိုမျှ/သာ ပရောဖက်ပြု/ဟောပြောကြ/သောကြောင့်/ဖြစ်၏။ 10 သို့သော် ပြည့်စုံခြင်း/ရောက်လာ/သောအခါ ထို/တစ်စိတ်တစ်ပိုင်း/မျှသာ ရှိသော/အရာတို့/သည် ကွယ်ပျောက်သွား/လိမ့်မည်။
11 ကျွန်ုပ်/သည် ကလေး/ဘဝ/အချိန်/၌ ကလေး/ကဲ့သို့ ပြောဆို၏။ ကလေး/ကဲ့သို့ စဉ်းစား၏။ ကလေး/ကဲ့သို့ တွေးထင်တတ်၏။ သို့သော် လူကြီး/ဖြစ်လာ/သောအခါ ကလေးဆန်သော/အရာများ/ကို စွန့်လွှတ်၏။ 12 ယခု ကျွန်ုပ်တို့/သည် ကြေးမုံ/ထဲတွင် မြင်ရ/သကဲ့သို့ မှုန်ဝါးဝါး/သာ မြင်နေရ၏။ သို့သော် ထို/အချိန်/တွင် မျက်ဝါးထင်ထင် မြင်ကြရ/လိမ့်မည်။ ယခု ကျွန်ုပ်/သည် တစ်စိတ်တစ်ပိုင်း/ကို/မျှသာ သိ၏။ သို့သော် ဘုရားသခင်/သည် ကျွန်ုပ်/ကို အပြည့်အစုံ/သိတော်မူ/သကဲ့သို့ ထို/အချိန်/တွင် ကျွန်ုပ်တို့/သည် အပြည့်အစုံ/သိရလိမ့်မည်။
13 ယခု/တွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း/မေတ္တာ ဤ/သုံးပါးတို့/သည် တည်/လျက်/ရှိ၏။ ဤ/သုံးပါး/တို့/အနက် ချစ်ခြင်း/မေတ္တာ/သည် အမြတ်ဆုံး/ဖြစ်၏။